Deprecated: mysql_connect(): The mysql extension is deprecated and will be removed in the future: use mysqli or PDO instead in /home/htunaung/public_html/sql.php on line 8
Beauty of Myanmar | PHOTOGRAPHER RULE
F O R
P H O T O G R A P H E R
OUR RULE
  • Member လုပ်ဆောင်ပြီး Login page တွင် User Name နှင့် Password ကိုအသုံးပြု၍ ဓါတ်ပုံတင်သူများအနေဖြင့် တစ်နေ့လျှင် ဓါတ်ပုံ (၅) ပုံ တင်နိုင်ပါသည်။
    Member တစ်ဦးလျှင် ဓါတ်ပုံအရေအတွက် စုစုပေါင်း ပုံ(၅၀) အထိ တင်ပြရောင်းချနိုင်ပါသည်။
    ပုံ(၅၀) ပြည့်ပါက member page ထဲတွင် Edit ကို Click လုပ်၍ လက်ခံပြီးသားပုံ(၅၀)ထဲမှ ဓါတ်ပုံများကို ပြန်လည် လဲလှယ်တင်နိုင်ပါသည်။
  • ဓါတ်ပုံ များကို ဘောင်ထည့်၍ မတင်ရ။
    တင်ရမည့် ပုံအရွယ်အစားမှာ (Width 3 in x Height 2 in) RGB, JPEG Format, Resolution 150 dpi တစ်မျိုးတည်းသာ ဖြစ်ရပါမည်။
    (ဓါတ်ပုံ အရွယ်အစား Width 3 in x Height 2 in ထက် ကြီးနေလျှင် (သို့) သေးနေလျှင် ပြန်လည် တင်ပေးစေလိုပါသည်)
  • အလျားလိုက်(သို့)ဒေါင်လိုက်နှစ်သက်ရာ တင်နိုင်ပါသည်။
  • အထက်ပါ အရွယ်အစား ထက် ကျော်လွန်နေသော Upload တင်သည့် ဓါတ်ပုံများ Photo Gallery တွင် မြင်နိုင်မည် မဟုတ်ပါ ။
  • ၀ယ်ယူမည့်သူ အဆင်ပြေစေရန်အတွက် Digital ကင်မရာဖြင့် ရိုက်ကူးထားပြီး Resolution ကောင်းသောပုံများကိုသာ တင်ပေးစေလိုပါသည်။
  • ပုံတင်ပြီးသည့်အခါ ထိုပုံ၏ Original File ကိုသိမ်းထားရန်လိုအပ်ပါသည်။
  • နယ်မှ တင်ပြရောင်းချသည့် ဓါတ်ပုံဆရာများအနေဖြင့် ၀ယ်ယူသူရှိသည့် အခါ ဆက်သွယ်၍ ၀ယ်ယူသူ၏ လိုချင်သော အရွယ်အစားကို CD (သို့) Internet မှတဆင့် အရည်အသွေးမီသည့် ပုံဆိုဒ်ကြီးကို ပေးပို့ရပါမည်။
  • ဓါတ်ပုံရောင်းရငွေအား မိမိရောင်းချလိုသောငွေကျပ်၏ ၂၀% ကိုနုတ်၍ ကျန်ငွေကို ရန်ကုန်မြို့မှ အပ ကျန်မြို့များကို ဘဏ်မှတဆင့်လွှဲပေးပါမည်။
    (ဘဏ်လွှဲခများကို ရောင်းချသူ ဓါတ်ပုံဆရာမှ ကျခံစေရပါမည်။)
  • တခြားတစ်ဦးတစ်ယောက်အား ရောင်းချပြီးသည့် ဓါတ်ပုံများ နှင့် Original File မရှိသည့် ဓါတ်ပုံများ တင်ခွင့်မပြုပါ။
    တည်ဆဲဥပဒေများနှင့်ငြိစွန်းသော ဓါတ်ပုံများ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီမှု မရှိသော ထိုဓါတ်ပုံအား ပယ်ဖျက်ခြင်းခံရပါမည်။
  • ဓါတ်ပုံမူပိုင်ခွင့်နှင့် ပတ်သတ်သည့် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက Gallery နှင့် မည်သို့မျှသက်ဆိုင်မှုမရှိဘဲ ဓါတ်ပုံရောင်းချသူ(သို့) ဓါတ်ပုံတင်သူနှင့်သာ ရာနှုန်းပြည့်သက်ဆိုင်သဖြင့် ထိုပြဿနာပြေလည်သည်အထိ ဓါတ်ပုံရောင်းချသူမှ တာဝန်ယူဖြေရှင်းပေးရပါမည်။
  • ရောင်းချပြီးသည့် ဓါတ်ပုံများအား Gallery တွင် ဆက်လက်တင်ပေးထားမည် မဟုတ်ပါ။
  • မိမိ တင်ပြရောင်းချလိုသည့် ဓါတ်ပုံ ၏ အရွယ်အစားနှင့် ရောင်းဈေးသည် ၀ယ်ယူသူဘက် မှ စီးပွါးရေးကြော်ငြာ ၊ ၀က်ဆိုဒ် ၊ ပြက္ခဒိန် ၊ မဂ္ဂဇင်း အစရှိသည့် ပုံနှိပ် ထုတ်ဝေ ဖြန့် ချိခြင်းများ ပြုလုပ်နိုင်ခြင်း အပေါ် သဘောတူ သိရှိထားပြီး ဖြစ်ရပါမည် ။
  • ၀ယ်ယူသူ အနေဖြင့်လည်း ဓါတ်ပုံဆရာ ၏ တင်ပြရောင်းချလိုသည့် ဈေးနှုန်းနှင့် ရေးသားဖြည့်စွက်ထားသည့် အရွယ်အစား အတိုင်းသာ ကျေးဇူးပြုပြီး အသုံးပြု ပေးစေလိုပါသည် ။ ( ရေးသားဖြည့်စွက်ထားသည့် အရွယ်အစားထက် ချဲ့ ကားပြီး အသုံးမပြုပါရန် အထူး မေတ္တာရပ်ခံ အပ်ပါသည် ။
  • ပေးပို့ရောင်းချလိုသော ဓါတ်ပုံဆရာများအနေဖြင့် အထက်ပါ စည်းမျဉ်းများကို လိုက်နာရန် သဘောတူညီမှသာ ပေးပို့ရပါမည်။