Deprecated: mysql_connect(): The mysql extension is deprecated and will be removed in the future: use mysqli or PDO instead in /home/htunaung/public_html/sql.php on line 8
Beauty of Myanmar | ARTIST RULE

F O R

A R T I S T

OUR RULE

  • Member လုပ်ဆောင်ပြီး Login page တွင် User Name နှင့် Password ကိုအသုံးပြု၍ ပန်းချီကားတင်သူများအနေဖြင့် တစ်နေ့လျှင် ဓါတ်ပုံ (၅) ပုံ တင်နိုင်ပါသည်။
    Member တစ်ဦးလျှင် ပန်းချီကား အရေအတွက် စုစုပေါင်း ပုံ(၅၀) အထိ တင်ပြရောင်းချနိုင်ပါသည်။
    ပုံ(၅၀) ပြည့်ပါက member page ထဲတွင် Edit ကို Click လုပ်၍ လက်ခံပြီးသားပုံ(၅၀)ထဲမှ ပန်းချီကားများကို ပြန်လည် လဲလှယ်တင်နိုင်ပါသည်။
  • ပန်းချီကား များကို ဘောင်ထည့်၍ မတင်ရ။
    တင်ရမည့် ပုံအရွယ်အစားမှာ (Width 3 in x Height 2 in) RGB, JPEG Format, Resolution 150 dpi တစ်မျိုးတည်းသာ ဖြစ်ရပါမည်။
    (ဓါတ်ပုံ အရွယ်အစား Width 3 in x Height 2 in ထက် ကြီးနေလျှင် (သို့) သေးနေလျှင် ပြန်လည် တင်ပေးစေလိုပါသည်)
  • အလျားလိုက်(သို့)ဒေါင်လိုက်နှစ်သက်ရာ တင်နိုင်ပါသည်။
  • အထက်ပါ အရွယ်အစား ထက် ကျော်လွန်နေသော Upload တင်သည့် ဓါတ်ပုံများ Photo Gallery တွင် မြင်နိုင်မည် မဟုတ်ပါ ။
  • ၀ယ်ယူမည့်သူ အဆင်ပြေစေရန်အတွက် ပုံတင်ပြီးသည့်အခါ ရေးဆွဲထားသောပန်းချီဆေးအမျိုးအစား နှင့် Size အရွယ်အစားကို သေချာဖြည့်စွက် ပေးပို့ပေးရပါမည်။
  • ရောင်းချလိုသော ပန်းချီကားတန်ဘိုးကို ဘောင်၏ တန်ဘိုး အပါအ၀င် ရောင်းချနိုင်သော ဈေးကို တိတိကျကျ တွက်ချက်၍ ပုံတင်သည့်အခါ သေချာစွာ ဖြည့်စွက်ပေးရပါမည်။
  • နယ်မှ ပန်းချီဆရာများအနေဖြင့် ၀ယ်ယူသူရှိသည့်အခါ ဆက်သွယ်၍ ပန်းချီကား (သို့) ပန်းချီကားနှင့်ဘောင်အပါအ၀င်ကို ရန်ကုန်မြို့အထိအရောက် မိမိကိုယ်တိုင်ပေးပို့ရပါမည်။
    (ပေးပို့သည့် အခကြေးငွေများကို ပန်းချီကား ရောင်းချသူ ပန်းချီဆရာမှ ကျခံစေရပါမည်။)
  • ပန်းချီကားရောင်းရငွေအား မိမိရောင်းချလိုသောငွေကျပ်၏ ၂၀% ကိုနုတ်ယူ၍ ကျန်ငွေကို ရန်ကုန်မြို့မှ အပ ကျန်မြို့များကို ဘဏ်မှတဆင့်လွှဲပေးပါမည်။
    (ဘဏ်လွှဲခများကို ရောင်းချသူ ပန်းချီဆရာမှ ကျခံစေရပါမည်။)
  • တည်ဆဲဥပဒေများနှင့်ငြိစွန်းသော ပန်းချီကားများ မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီမှု မရှိသည့် လွန်ကဲသော ပန်းချီကားများ မတင်ရ။
  • နိုင်ငံရေးနှင့်ထင်ယောင်ထင်မှားဖြစ်စေသော ပန်းချီကားများ၊ နိုင်ငံရေးနှင့် ပတ်သတ်သည့် အတွေးအခေါ် ပန်းချီကားများအား ပယ်ဖျက်ခြင်းခံရပါမည်။
  • ပန်းချီကားတွင် ပါဝင်ရေးဆွဲထားသော ဓါတ်ပုံမူပိုင်ခွင့်နှင့်ပတ်သတ်သည့် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက Gallery နှင့် မည်သို့မျှသက်ဆိုင်မှုမရှိဘဲ ပန်းချီကားရောင်းချသူ(သို့) ပန်းချီကားတင်သူနှင့်သာ ရာနှုန်းပြည့်သက်ဆိုင်သဖြင့် ထိုပြဿနာပြေလည်သည်အထိ ပန်းချီကားရောင်းချသူမှ တာဝန်ယူဖြေရှင်းပေးရပါမည်။
  • ရောင်းချပြီးသည့် ပန်းချီကားများအား Gallery တွင် ဆက်လက်တင်ပေးထားမည် မဟုတ်ပါ။
  • ပေးပို့ရောင်းချလိုသော ပန်းချီဆရာများအနေဖြင့် အထက်ပါ စည်းမျဉ်းများကို လိုက်နာရန် သဘောတူညီမှသာ ပေးပို့ရပါမည်။